KIA တပ်မဟာ(၅)နယ်မြေ အတွင်း အဓမ္မပြုကျင့် ခံရသူ မရှန်ပူနောက် ဆက်တွဲ သတင်း



 
 
From : .စင်္ကာပူဖီး

KIA တပ်မဟာ(၅) နယ်မြေ တပ်ရင်း(၃)တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် အဓမ္မပြုကျင့်မှု ခဲ့သောတပ်ရင်း(၃)၏ နောက်တန်း လုံခြုံရေး အရာရှိဖြစ်သူ လဖိုင်လ အား ယနေ့ ဇန်န ဝါရီ လ၁၇ ရက် နေ့  နံနက် ပိုင်းကလွှတ်ပေးလိုက်ကြောင်း
သိရှိရသည်။
အဆိုပါ အရာရှိသည် ရှေ့တန်း စစ်မျက်နှာတွင် တာဝန်ထမ်းဆောင် လျက်ရှိသော တပ်ကြပ် ဇော်ဆိုင်း ၏ ဇနီး ဖြစ်သူမရှန်ပူအား အိမ်တွင် တစ်ယောက်တည်း အိပ်ပျော် နေခိုက် အိမ်ပေါ်သို့ တက်ရောက်ကာ အတင်း အဓမ္မပြုကျင့်မှု ကို ပြုလုပ်ခဲ့သူဖြစ်ပြီး ၄င်းအရာရှိအား ယခုတွင် တပ်မဟာ(၅) ဌာနချုပ်၊လေ့ ကျင့် ရေးဌာန တွင် တာဝန်ပြန်လည်ထမ်းဆောင်စေကြေ
ာင်း သိရှိရသည်။

အဓမ္မပြုကျင့်ခံရသူမရှန်ပူအာ
းတပ်ရင်း(၃)တပ်ရင်းမှူးကစစ်ဆင်ရေးလို အပ်ချက်အရဟုပြောဆိုကာစစ် သင်တန်း ကိုဇန်နဝါရီလ၁၅ရက်နေ့ ကတက်ရောက်စေပြီး၎င်းသင်တန်း ဆင်းပါက လိုင်ဇာ ရှိဆေးတပ် တွင်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းသိရှိရသည်။ယခုအခါ လိုင်ဇာ တွင်ရှိသော အရာရှိဇနီးမှလွဲပြီး စစ်သည်များဧ။်ဇနီးများအားဇန်နဝါရီလ၁၅ရက်နေ့ မှစတင်ကာစစ်သင်တန်း တက်ရောက်ရန် အတွက်လိုင်ဇာဌာနချုပ်မှအမိန့် ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။