အမရာထွန်းချုပ် ကန်ထဲကို ခဲလုံးလေး တလုံးနဲ့ ပစ်ပေါက်လိုက်တော့ တည်ငြိမ်နေတဲ့ ကန်ရေပြင်သည် လှုပ်ရှားသွားသည်။
နက်မှောင် ရှည်လျား သန်စွမ်းတဲ့ ဆံပင်၊ အချိုးကျလွန်းတဲ့ ကိုယ်လုံး၊
ဖြူဝင်းချောမွတ်တဲ့ အသားနဲ့ မြင်သူတကာ ငေးရလောက်အောင် ချောမောပြေပြစ်တဲ့
မျက်နှာလေးနဲ့ အလွန်ချမ်းသာတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်သီးစီးပွားရေးသမား
သူဌေးကြီး ဦးထွန်းချုပ်ရဲ့ သမီးလေး အမရာထွန်းချုပ်
မနက်အစောကြီး..အင်းယားကန် စောင်းမှာ တယောက်ထဲ ရောက်နေသည်။ အမရာထွန်းချုပ်
မျက်နှာမသာဘူး။ သုန်မှုံနေသည်။ နှုတ်ခမ်းဖူးဖူးလေးတွေ စူတူတူနဲ့။ ရေစပ်အထိ
ထိုးရပ်ထားတဲ့ သူမရဲ့ တိုယိုတာ Spyder နှစ်ယောက်စီး ပြိုင်ကားလေး၏ ဘေးမှာ
မှီကာရပ်ပြီး စောစောက ဈန်ရမောင် သူမကို ဥပက္ခာပြုသွားတာကို ပြန်စဉ်းစားပြီး
မကျေမနပ် ဖြစ်နေသည်။ ဈန်ရမောင်သည် အမရာထွန်းချုပ်ရဲ့ အကို
သီဟထွန်းချုပ်ရဲ့ သူငယ်ချင်း။
ကိုကြီးသီဟသည် ဈန်ရမောင်ကို အိမ်ကို ခေါ်ခေါ် လာတတ်သည်။ ကိုကြီးသည်
ဈန်ရမောင်ကို တော်တော် ခင်သည်။ အားကိုးသည်။ စ်န္ရေမာင္ကို အမရာ
စတွေ့ဘူးထဲက သဘောကျမိသည်။ သူ့ကို ရင်ခုံမိသည်။ သူသည် ကျောင်းမှာ
ကောင်မလေးတွေ ပါးစပ်ဖျားမှာ ရေပန်းစား တဲ့ လူတယောက်။ ဒီဇိုင်း
မိုက်မိုက်နဲ့ ကောင်မလေးတွေ သူ့အနား ၀ိုင်းနေတတ်သည်။ စ်န္ရေမာင္ကလဲ
ဒီဇိုင်းက လန်းတာကိုး။ သူ့ပုံစံက ယောင်္ကျား ပီသပြီး ရုပ်ဖြောင့် တာလို့
အမရာ ထင်သည်။ ကိုကြီးသီဟထက် ဈန်ရမောင်က ပိုဖြောင့်သည်လို့ အမရာ့ဘော်ဒါတွေက
ပြောဘူးသည်။
ကိုကြီးသည် သူနဲ့ ဈန်ရမောင် အပြင်ထွက် လျှောက်လည်ကြရင် ဈန်ရမောင်ကို
ကားအမြဲမောင်းခိုင်းတတ်သည်။ နောက်ပိုင်း မှာ ကိုကြီးသည် အိမ်က ကားတွေထဲက
တစီးစီးကို ဈန်ရမောင်ကို ပေးထားသည်။ ဈန်ရမောင် သူ့ဆီလာရင် ကား အခက်အခဲ
ရှိတာကြောင့် အဆင်ပြေအောင် ကားတစီး ပေးထားတတ်သည်။
အမရာတို့ ခြံကြီးက ရန်ကုန်မြို့ရဲ့ ဈေးအလွန်ကြီးမြင့်သော
သူဌေးရပ်ကွက်ကြီးမှာမို့ လိုင်းကားနဲ့လာမယ်ဆိုရင် လိုင်းကားမှတ်တိုင်က နေ
အမရာတို့ ခြံရောက်ဖို့ ရပ်ကွက်ထဲ အကြာကြီး လမ်းလျှောက်ရမှာ ဖြစ်သည်။
ဈန်ရမောင်ကို သူလိုချင်သော အချိန်မှာ မြန်မြန် သူ့ဆီ ရောက်လာအောင်
သီဟထွန်းချုပ်က ကားပေးထားတာ ဖြစ်သည်။ သူတို့ မိသားစု အတွက်က ကားတွေ
များလွန်းလို့ ဈန်ရမောင်ကို ကားတစီး ပေးထားတာတောင် ဘယ်သူမှ
သတိမထားမိကြဘူး။ သီဟထွန်းချုပ် ဈန်ရမောင်ကို ပေးထားတဲ့ ကားကလဲ သူ့အဖေ
ဦးထွန်းချုပ် စီးတဲ့ကား၊ မိထွေးဒေါ်မဒီထွန်းချုပ် စီးတဲ့ကား မဟုတ်ဘဲ
ဘယ်သူစီးစီး မောင်းမောင်း ဆိုပြီး ထားထားတဲ့ ကားလေးများထဲကမို့ပါ။
ဈန်ရမောင်သည် ကားမောင်းကျင်လည်ပြီး ကားလဲ ပြင်တတ်သည် လို့ကိုကြီးက
အမရာ့ကို ပြောပြဘူးသည်။ ဒက်ဒီက ကိုကြီးက ရိုးအလို့ ဈန်ရမောင် ကိုကြီးနဲ့
အမြဲပါတာကို သဘောကျသည်။ တခါ ညစာ မိသားစု အတူတူ စားကြချိန် ဒက်ဒီက
“သားကြီး.. မင်း .. ဈန်ရမောင်ကို လခပေးဖို့ကောင်းတယ် .. ကားလဲ မောင်းပေး
.. မင်းအတွက်လဲ ..ဘော်ဒီဂတ်လို အမြဲလိုက်ပေးနေလို့လေ ..” လို့ ပြောဘူးသည်။
ဈန်ရမောင်က ကရာတေး ခါးစည်းအနက် ဆိုတာလဲ အားလုံး သိကြလို့လေ။ ဈန်ရမောင်ရဲ့
သရုပ်ပြပွဲတွေကို နီးစပ်သူတွေ ခဏခဏ တွေ့ဘူးကြသည်။ လေးယောက်နဲ့ တယောက်
ဖိုက်တာတွေ..ရေခဲတုံးကြီးတွေကို ထောင်းကနဲ ခွဲပစ်တာတွေ
အုတ်ကြွပ်တထပ်ကြီးကို စိစိညက်ညက် ကြေအောင် ခွဲပြနိုင်တာတွေကြောင့်
ဈန်ရမောင်ရဲ့စွမ်းအား ဘယ်လောက်ရှိလဲ သိကြသည်။
ဈန်ရမောင်သည် အရပ်က မြင့်သည်။ ကလန်ကလားကြီး လို့သူများတွေ ပြောကြပေမဲ့
အမရာကတော့ အသားဖွေးဖွေး မျက်ခုံးထူထူ မေးရိုးလေးထောင့်နဲ့ သူ့ကို တိတ်တခိုး
သဘောကျနေမိသည်။ သူ့ရင်ဘတ်နဲ့ ၀မ်းဘိုက်က ကြွက်သားတွေ ဖုထစ်နေတာကိုလဲ အမရာ
တွေ့ဘူးသည်။ ကိုကြီးနဲ့ သူက လှေလှော်ရွက်တိုက် အသင်းမှာလဲ
ပါ..ခြေလျင်တောင်တက် အသင်းမှာလဲ ပါ ..ဂျူဒို..ဂျူဂျစ်ဆု အသင်းမှာလဲပါ
..နေရာတကာ ပါသူများမို့ သူတို့ လေ့ကျင့်ခန်းတွေ လုပ်နေကြတာ အမရာ
တွေ့ဘူးသည်။ ကိုကြီးသီဟကတော့ သူဌေးသားမို့လားမသိ။ ခပ်ပေါ့ပေါ့ပါဘဲ။
အရာရာကို သိပ်အလေးအနက်ထားသူ မဟုတ်ဘူး။
ဈန်ရမောင်သည် ကိုကြီးသီဟထွန်းချုပ်ကို အရမ်းခင်မင်ပေမဲ့ အမရာ့ကို
ခပ်တည်တည်နဲ့ မှန်တန်း ပုံမှန်ဘဲ ဆက်ဆံသည်။ ဒါကို အမရာ မကျေနပ်တာ..။
ခံပြင်းမိနေတာ။ အမရာသည် ကောင်လေးတွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့
..တက္ကသိုလ်မြေရဲ့ အလှဘုရင်မလေး တယောက်ပါ။ ကောင်လေးတွေက အမရာ့ကို
ခင်မင်ချင်ကြသည်။ မိတ်ဖွဲ့ကြသည်။ ဈန်ရမောင်ကတော့ ဘာကြောင့်မှန်းမသိ။
မခင်သလိုလိုနဲ့ တာဝန်ကျေ ပြုံးပြရုံလောက်ဘဲ..။
အမရာ ဒီနေ့မနက် အစောကြီး ထ ... အလှပြင်ပြီး ..သူ့ကို လာစောင့်နေတာ။ သူ
မနက်စောစော ထပြေးတာ သိလို့ သူပြေးတဲ့ လမ်းမှာ သူနဲ့ တိုးအောင် အမရာ
လာစောင့်တာ။ သူနဲ့ အမရာ တွေ့ရပေမဲ့ သူ ချိုးသွားတဲ့ အချိုးက အမရာ့ကို
မေးဆတ် ပြုံးပြသွား ရုံလောက်ဘဲ။ တကယ်ဆို အမရာက သူ့အချစ်ဆုံး သူငယ်ချင်း
သီဟထွန်းချုပ်ရဲ့ ညီမလေးဘဲ။ ခဏလောက် ရပ်ပြီး စကားလေး ဘာလေး
ပြောသင့်တာပေါ့..။ မနက်အစောကြီး ကားနားရပ်နေတာ ကားများ
ပျက်သလား..ဘာလိုလဲ..မေးဖို့ မကောင်းဘူးလား။
ဟွန်း ..တကယ် ဈေးကိုင်တဲ့ လူ။ မုန်းလိုက်တာ ...။ အမရာ
သူ့ကို စကားပြောချင်..တွေ့ချင်တာ အကြောင်းရှိသည်။ ရှေ့လာမဲ့ စနေနေ့က အမရာ့
မွေးနေ့။ အမရာ ၁၉နှစ် ပြည့်မှာ။ အမရာ့မွေးနေ့မှာ အိမ်မှာ ပါတီ အကြီးအကျယ်
လုပ်မှာ။ အမရာ စိတ်ကူးယဉ်တာက အမရာ့မွေးနေ့မှာ သူငယ်ချင်းတွေ အများကြီး
လာသလို ဈန်ရမောင်ကိုလဲ ရှိစေချင်တာ..။ သူ့ကိုလဲ မွေးနေ့ပွဲမှာ အမရာ့အနား
ပါဝင်စေချင်တာ။
ကိုကြီးသီဟကို အမရာ မေးကြည့်သည်။ ကိုကြီးက ဒို့ အဲဒီနေ့ မအားဘူး
ချိန်းထားတာတွေ ရှိတယ် ဆိုပြီး..သူရော ဈန်ရမောင်ရော မွေးနေ့ပါတီ အချိန်မှာ
အဝေးကို ရောက်နေမှာ ..လို့ ပြောသည်။ အမရာလဲ ကိုကြီးရာ ကိုယ့်ညီမလေး
ဘတ်ဒေးကိုတော့ ကိုကြီး ရှိသင့်ပါတယ် ..လို့ ပြောမိရသည်။ကိုကြီးကတော့
ဘာပြောပြော ဂရုမစိုက်ပါဘူး။ ကြည့်ရတာ ဈန်ရမောင်နဲ့ကိုကြီး..တနေရာရာကို
သွားကြဖို့ စီစဉ်ပြီးသားနဲ့ တူသည်။ ဒါကြောင့် ဈန်ရမောင်ကိုကိုယ်တိုင်ဘဲ
မွေးနေ့ပွဲ တက်ရောက်ဖို့ ဖိတ်မည် ဆိုပြီး ..မနက်အစောကြီး
မဆုံဆုံအောင် လာစောင့်တာ..။ သူ..သူ့ပုံစံက အမရာက သာမန် လိုဘဲ။ မကျေနပ်ဘူး။ လုံးဝမကျေနပ်ဘူး .။
ဈန်ရမောင် သူ နေ့စဉ် မှန်မှန်ပြေးနေကျအတိုင်း ..ဒီနေ့လဲ မနက်စောစောထပြီး ပြေးသည်။
ဒီနေ့ သီဟက သံလျင်ဘက်ကို သွားမယ်လို့ သူ့ကို ပြောထားသည်။ အပြေးလေ့ကျင့်ခန်းပြီးရင် သူ
နေ့စဉ်မပျက် လုပ်တဲ့ကိုယ်ခံပညာ လေ့ကျင့်ခန်းတွေ သူတို့ကားဂိုဒေါင်ထဲမှာ
လုပ်မည်။ ပြီးရင် ရေချိုး..အ၀တ်အစားလဲပြီး သီဟတို့အိမ်ကို သွားမည်။ သူ
ဒီလိုလေ့ကျင့်ခန်းတွေ မပျက်မကွက် လုပ်ခဲ့ လို့
လဲ ..သူ့ကိုယ်မှာ အဆီပို တကျပ်သားတောင် ရှိမနေ။
ဟင် ...သီဟရဲ့ ညီမလေး ..အမရာ ပါလား။
အမရာ..သူမောင်းနေကျ စပိုင်ဒါကားလေး ဘေးမှာ ရပ်နေသည်။ တဖြေးဖြေး နီးလာသည်။ ဘယ်လာတာ
ပါလိမ့်။ ရီးစားများ..ရနေပြီး..ချိန်းထားလို့များ ..လာစောင့်နေတာလား။ ဒါမှမဟုတ်။
ဈန်ရမောင်သည် သီဟနဲ့ ညီအကိုလို အရမ်းခင်ကြချစ်ကြသည်။ သို့ပေမဲ့ သီဟ ညီမလေး အမရာ
ကို ခပ်တန်းတန်းဘဲ နေသည်။ သီဟ တို့က သားရေပေါ်အိပ် သားရေနားစားသူ လို့ သူ့ကို မထင်စေချင်
ဘူး။ ရွာနားက မြက် ရွာနွား မစားဘူး ဆိုတဲ့ စကားလိုပေါ့။ မိသားစု လို နေနေကြတော့..အထင်လွဲမှာ
မလိုလားဘူး ...။
အမရာက သူ့ကို ပြုံးပြနုတ်ဆက်သည်။ သူလဲ ပြန်ပြုံးပြ နုတ်ဆက်ပြီး ဆက်ပြေး လာသည်။
အမရာသည် lord of the ring ဇာတ်ကား ထဲမှာပါတဲ့LIV တိုင်လာနဲ့တော်တော် တူသည်။
နက်မှောင်သန်စွမ်း ရှည်လျားတဲ့ ဆံပင်များက ခါးကျော်ကျော် တင်ပါးလောက်အထိ
ဖြောင့်တန်းပြီး ချထားလေ့ ရှိသည်။ အသားက အရမ်းဖြူလွန်းပြီး
နှုတ်ခမ်းဖူးဖူးလေးတွေက ဆေးမဆိုးထားဘဲ ရဲနေသည်။
အမရာသည် မျက်နှာလေး အလွန်လှသလိုကိုယ်လုံး ကလဲ အလန်းစား ဆိုတာ သူ
သတိထားမိသည် .။ကိုယ်လုံး ပိန်သွယ်သည် ဆိုပေမဲ့ ရင်မို့မို့နဲ့ ခါးသေးသေး
အောက်က စွင့်ကားတဲ့ တင်ပါးများက သိသိသာ
သာ ရှိလှသည်။ ဈန်ရမောင်သည် အမရာကို မစားကောင်းသော သစ်သီးတလုံးလို့ သဘောထားသည်။
အင်း..။ တကယ်တော့ သီဟတို့ အိမ်မှာ မစားကောင်းတဲ့ သစ်သီးက တလုံးထဲ မဟုတ်ဘူး...။
နှစ်လုံး။ နောက်တလုံးက သီဟရဲ့ မိထွေး ဒေါ်မဒီထွန်းချုပ် ပါ။ ဒေါ်မဒီထွန်းချုပ် လို့ နံမည် အရှေ့က ဒေါ်
တပ်ပြီး ခေါ်ကြပေမဲ့ ဒေါ်မဒီထွန်းချုပ်သည် အသက်ကြီးကြီး အဖွားကြီး တယောက်တော့ မဟုတ်ဘူး။
သီဟတို့ အဖေ ဦးထွန်းချုပ်က သီဟနဲ့ အမရာတို့ အမေ ဒေါ်ရတနာထိန် ကွယ်လွန်ပြီး နောက် ဆေး
ပေးမီးယူ လိုအပ်သည် ဆိုပြီး သူ့ထက် အသက် အများကြီး ငယ်သော ဒေါ်မဒီထွန်းချုပ်ကို လက်ထပ် ခဲ့သည်။
ဒေါ်မဒီထွန်းချုပ်သည် သီဟနဲ့ အမရာတို့ ထက် အသက် အနည်းငယ်ဘဲ ကြီးတာကြောင့်
ဦးထွန်းချုပ်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေများက မဒီထွန်းချုပ်သည်
ဦးထွန်းချုပ်ရဲ့ သမီး အကြီးဆုံး လို့ နောက်ပြောင်လေ့ ရှိသည်။
ဈန်ရမောင်သည် ဒေါ်မဒီထွန်းချုပ်ကို အမရာ ထက်တောင် သတိထား ဝေးဝေးရှောင်သည်။
အမရာသည် ခေတ်ဆန်ပေမဲ့ အပျိုမလေး မို့ ထိန်းထိန်းသိမ်းသိမ်း ရှိသေးသည်။
ဒေါ်မဒီထွန်းချုပ်သည်အလွန်ရဲတင်းပွင့်လင်း သူ ဖြစ်ပြီး သူမရဲ့တောင့်တင်း
အချိုးကျသောကိုယ်လုံးကို ဂုဏ်ယူဝင့်ကြွားနေသည် လို့ ဈန်ရမောင် ထင်သည်။
သူတို့ နေတဲ့ ဧရာမ တိုက်အိမ်ကြီးရဲ့ အနောက်ဘက်မှာ ရှိတဲ့ ရေကူးကန်ကြီး
ဘေးမှာ ရေကူးဝတ်စုံ မလုံ့တလုံလေးနဲ့ လှဲအိပ်နေတတ်သော ဒေါ်မဒီထွန်းချုပ်ကို
အမှတ်မထင် ကြည့်မိတိုင်း ဈန်ရမောင်ရဲ့ သွေးခုံနှုံးတွေ မြန်ဆန်လာရပြီး
..မကြည့်မိအောင် မျက်နှာလွှဲ ခဲ့ရ တာ အခါခါ ပါဘဲ။
သူတို့အိမ်မှာ ယဉ်မောင်း ဒရိုင်ဘာတွေ ရှိရက်နဲ့လဲ
တခါတလေ..ဈန်ရမောင်ကို ကားနဲ့ လိုက်ပို့ခိုင်းတတ်သည်။ သူမသည်
ကားမောင်းတတ်သလို သူမအတွက် ခင်ပွန်းဖြစ်သူ ဦထွန်းချုပ်က ၀ယ်
ပေးထားသော တန်ဖိုးကြီးကားများ ရှိနေရက်နဲ့ ဈန်ရမောင်ကို လိုက်ပို့စေလို့ သီဟထွန်းချုပ် စိတ်ဆိုးသည်။
ဈန်ရမောင်သည် ပြေးနေရင်း အမရာထွန်းချုပ် ဘာကြောင့် မနက်အစောကြီး
.ဒီ အင်းလျားလမ်းပေါ် ရောက်နေလဲ ဆိုတာ ပြန်တွေးမိတော့
..အိုး..ကားများပျက်လို့လား ဆိုတာ စဉ်းစားမိလိုက်သည်။ ဟာ..ငါ ဒါကို
ထည့်မစဉ်းစားမိခဲ့ဘူး။ အင်း..ကားပျက်နေတာ ဆိုရင်လဲ..ငါ့ကို တွေ့တွေ့ချင်း
သူ အကူအညီ တောင်းမှာပေါ့။ ကားပျက်တာတော့ မဟုတ်နိုင်ပါဘူး။
ငါ အမရာ့ကို မေးလိုက်ဖို့ ကောင်းတယ်..သီဟရဲ့ညီမ အရင်းခေါက်ခေါက်ကို တစိမ်းဆန်ဆန် လုပ်
လိုက်မိသလိုဘဲ။ ချက်ချင်းဘဲ လာရာလမ်းကို ပြန်လှည့် လိုက်သည်။ လမ်းက
ကွေ့ကောက်နေတော့တော်တော်လေး ပြေးပြီးမှ စောစောက အမရာနဲ့ ဆုံတဲ့နေရာကို
ပြန်ရောက်သည်။
ဟင်..အမရာ ရော..ကားရော မရှိတော့ပါလား ..။
ဟိုဒီ လျောက်ကြည့်တော့...အိုး..ဟိုးမှာ....တွေ့ပြီ ..အမရာ ရော ကားရော..အဲပြီးတော့ လူနှစ်ယောက် ရော..။
အမရာရဲ့ ကာလေးသည် ကန်ရေစပ် နားထိ ရောက်နေသည်။ အမရာနဲ့ လူနှစ်ယောက် တခုခု ဖြစ်နေကြ
သည်။ ဈန်ရမောင် အမြန်ဆုံး အမရာ့ဆီ ပြေးသွားလိုက်သည်။
နီးလာတာနဲ့ အမရာ အနား ရောက်နေသူတွေဟာ .ကောင်းသော ရောက်ခြင်း မဟုတ်ဘူး ဆိုတာ သိလိုက်သည်။
“ အမရာ..ဘာဖြစ်လဲ..ကားပျက် လား...”
“ ကား ဘာမှ မဖြစ်ဘူး ..သူတို့ အမရာ့ကို လာနှောက်ရှက်နေကြတယ် ...”
လူနှစ်ယောက် အနက်က ဆံပင်ကောက်ကောက်နဲ့ ကုလားကပြားလို ရုပ်နဲ့ လက်မှာ ဆေးမှင်ကြောင် တက်တူး
တွေ ဘလပွ ထိုးထားတဲ့ ကောင်က ..“ ဟေ့လူ ..လာပြီး ဟီးရိုး လုပ်မနေနဲ့..ငါတို့ အမြင်စောင်းရင် ..မင်း
ညောင်းသွားရမယ် ..သွားစမ်းကွာ ..” လို့ လက်တွေကို လေထဲ မြှောက်ပြီး ပြောသည်။
သူနဲ့ တဖွဲ့ထဲ နောက်တကောင်က ထောင်ကဲရုပ်။ မျက်ပေါက်ကျဉ်းကျဉ်း မေးချွန်ချွန် စုတ်ချွန်းချွန်း
နဲ့။ ဘောင်းဘီ နောက်အိတ်ထဲက ဓါးတချောင်းကို ထုတ်ယူလိုက်တာ တွေ့ရသည် . .။ အမရာထွန်းချုပ် က
“ သူတို့က အတင်းကြီး လာနှောက်ရှက် နေတာ ..ကိုဈန်ရ ..” လို့ပြောသည်။
စုတ်ချွန်ချွန်းကောင်က ..“ မင်း ထွက်သွားကွာ....သွား.....သွားစမ်း … . ” ဆိုပြီး ဓါးတရမ်းရမ်းနဲ့ ရှေ့တိုး
လာသည်။ ဆံပင်ကောက်ကောက် ကောင် ကလဲ ကွန်ဖူးသမားတွေ လက်ချိန်ရွယ်သလို ပုံစံ လုပ်ပြီး ရှေ့တိုးလာသည်။
“ ..မင်းတို့ကို ငါ ဘာမှ မလုပ်ချင်ဘူး ..မင်းတို့ဘဲ ထွက်သွားလိုက် ပါ ..နောက်မှ ငါ့ကို အဆိုးမဆိုနဲ့ ..”
ဈန်ရမောင် ဒီလူတွေကို လေသံအေးအေးနဲ့ ပြောလိုက်ပေမဲ့ ဆံပင်ကောက်ကောက် ကောင်က စပြီး သူ့ကို
“ ဟိုင်း ..ယား ..”ဆိုပြီး လက်သီး..လက်ဝါးစောင်းများနဲ့ တိုက်ခိုက်လေသည်။ ဈန်ရမောင်လဲ လုံးဝ တုန်လှုပ်
တဲ့ပုံစံမရှိဘဲ အသာဘဲကိုယ်ကို ရို့ကာ ရှောင်တိမ်းနေသည်။
“ကိုစ်န္ရ ...အေနာက္မွာ ...”
အမရာထွန်းချုပ်ရဲ့ အော်သံကြောင့် ဈန်ရမောင်သည် အနောက်ဘက် မှ
စုတ်ချွန်းချွန်းကောင် ထိုးထည့်လိုက်သော ဓါးကို အသာ တိမ်းရှောင်လိုက်ပြီး
..ဓါးကိုင် လက်ကို ဖျတ်ကနဲ..လိမ်ချိုးလိုက်သည်။
“ အားးးးးးး...........”
ဖြောင်းကနဲ..လက်ပြန်ရိုက်ထည့်လိုက်တာက ဘရုစလီ ရုပ်ရှင်ထဲမှာ အမရာ
တွေ့ဘူးသလိုမျိုး..။ မြန်ဆန်လွန်းအားကြီးလွန်းသည်။ စုတ်ချွန်းချွန်းကောင်
နှခေါင်းမှာ သွေးတွေ စီးကျပြီး မြေကြီးပေါ်မှာ လေးဘက်ထောက်ရက်ကြီး
ဖြစ်နေသည်။ ဆံပင်ကောက်ကောက် ကောင်လဲ ဖြုန်သွားပုံရသည်။ စ်န္ရေမာင္ကို
မတိုက်ခိုက်တော့။ သူ့အဖေါ်ကိုဘဲ ဆွဲထူ လိုက်သည်။ ဈန်ရမောင်က ခြေခွဲရပ်လျက်
ကြည့်နေသည်။ သူတို့ ဈန်ရမောင်နဲ့ အမရာတို့ကို လုံးဝတောင် မကြည့်တော့။
ခေါင်းငုံ့ကာ ကျောခိုင်း ထွက်သွားကြသည်။
ဒီအချိန်မှာ အမရာ့အတွက် ဈန်ရမောင်သည်ကိုယ်ရံတော် တပ်မှူးလေး ပါဘဲ။ အားကိုးရတဲ့ အမရာ တိတ်တခိုး ချစ်မိနေရတဲ့ကိုကို။
“ကိုဈန်ရ ..အမရာ့ကို လိုက်ပို့မှာလားဟင်..အမရာ ရင်တွေ တုန်နေလို့ ကားမမောင်းနိုင်ဘူး ...”
ဈန်ရမောင်သည် အမရာက ရင်တွေ တုန်နေသည် လို့ ပြောလိုက်တာကြောင်က ယောင်ပြီး
အမရာ့ ရင်ဘတ်ကို ဖျတ်ကနဲ ကြည့်မိသွားသည်။ ချက်ချင်း မျက်စိ
ပြန်လွှဲဖယ်လိုက်သည်။ အမရာ့ ရင်မို့မို့တွေက သိသိသာသာ ရှိလှသည်။
“ ပို့မှာပေါ့..အမရာ ..လာ..ကားသော့ ပေး ...”
“ကားသော့က ကားထဲမှာ ..တန်းလန်း.”
“ ဘယ်သွားမလဲ..အမရာ..အိမ်လား ...”
“အင်း...မဟုတ်ဘူး....အမရာ ဆာတယ် ...”
ဈန်ရမောင် က သူ့ကို နှောက်ရှက်တဲ့ အစုတ်အပြတ်ကောင်တွေ ကို တီးထည့်လိုက်ပြီး သူ့ကို ကားမောင်းပေး
တာကို အမရာ အရမ်းကျေနပ်နေ သည် ..။
တကယ်တမ်း ဈန်ရမောင် သည် လူလေးယောက်လောက် ကိုတောင် အသာလေး ဖိုက်နိုင်တာ ဖြစ်ပေမဲ့ စော
စော က အကောင်တွေ ကို မတတ်သာလို့သာ ဖိုက်ရတဲ့ ပုံ ..။ မလိုအပ်ဘဲ ကိုယ်ခံပညာ
နဲ့ နိုင်လို့ရတဲ့ လူတွေ ကို လိုက်နိုင်တာမျိုး မဟုတ်ဘဲ ဒီကောင်တွေလဲ
ကုတ်ကုတ်လေး ထွက်သွားရော ဈန်ရမောင် သည် ဘာမှ
မဖြစ်ခဲ့သလိုဘဲ ..နေလိုက်တာကိုလဲ အထင်ကြီးသွား သည် ..။
အမရာ သည် ဈန်ရမောင် နဲ့ ကားသေးသေးလေးထဲ နှစ်ယောက်ထဲ ပုခုံးချင်း ထိကပ်ပြီး စီးရတဲ့ အခြေအနေလေး
ကို နှမြောမိနေ သည် ..။ သူနဲ့ ဒီလိုဘဲ သွားချင်နေသေး သည် ..။ အိမ်
မပြန်ချင်သေး ..။ ဈန်ရ က သီဟ မျက်နှာ နဲ့ တာဝန်ရှိတယ် ထင်လို့
လိုက်ပို့နေတာပေမဲ့..အမရာ ဘက်ကတော့ ဈန်ရ နဲ့ ခုလို သွားရတာကို အရမ်း
ကြည်နူးနေ သည် ..။ ထပ်တခါတောင် လူဆိုးတွေ နဲ့ တွေ့လိုက်ချင်သေး သည် ..။
ဈန်ရ ကယ်တာကို ခံချင်လို့ ..။
“ ဘာစားမလဲ..အမရာ ..ဘယ်မောင်းရမလဲ...”
အင်းလျားလမ်း နဲ့ တက္ကသိုလ်ရိပ်သာလမ်း ဆုံတဲ့ မီးပွိုင့် ကို ရောက်နေတော့ အမရာ လဲ ဘယ်ဘက်ခြမ်း
က ခြံထဲ ညွှန်ပြလိုက်ပြီး ..“ အဲဒီမှာ စားမယ် ...” လို့ ပြောလိုက် သည် ..။ ဈန်ရ လဲကားကို အဲဒီခြံထဲ ချိုးကွေ့
လိုက် သည် ..။ မုန့်ဟင်းခါး ဆိုင်ဘဲ ..။ နံမည်ကြီး ဆိုင်မို့ ကားတွေ နဲ့ လာစားကြတာ ကားရပ်စရာတောင် မနဲ
ရှာရ သည် ..။ အမရာ သည် ဈန်ရမောင် နဲ့ အတူတူ ကားပေါ်က ဆင်းပြီး
မုံ့ဟင်းခါးဆိုင် ကို သွားရသောအခါ စားနေသူများ ..သူတို့နှစ်ယောက် ကို
ကြည့်ကြတာကို စိတ်ထဲမှာ ကျေနပ်သလိုလို..ရင်ခုံသလိုလို ဖြစ်မိ သည် ။
လူတွေကလဲ ၀င်းထင်းနေသော အမရာထွန်းချုပ် နဲ့ အရပ်မြင့်မြင့် ရုပ်ဖြောင့်ဖြောင့် ဈန်ရမောင် တို့ တံခါးနှစ်
ပေါက် ပြိုင်ကားအသစ်လေး ထဲက ဆင်းလာတော့..မော်ဒယ်လ်တွေဘဲလား ..ရုပ်ရှင်သရုပ်ဆောင်တွေဘဲလား ..
ဆိုပြီး ကြည့်ကြတာနေမှာ ပေါ့ ..။
အို..။ စားနေကြသူတွေထဲ အမရာ ရဲ့ သူငယ်ချင်း ဒေါ်လီဇွဲမောင် ကို တွေ့လိုက်ရ သည် ..။
အို..အမရာ ပျော်လိုက်တာ အရမ်း ..။ ဈန်ရမောင် နဲ့ သူမ တွဲလာတာ ဒေါ်လီဇွဲမောင် တွေ့သွားလို့ ..။
ဒေါ်လီဇွဲမောင် က ဈန်ရမောင် ကို ကြိုက်နေတဲ့ ကောင်မ ..။ ဟွန်း ..ဒေါ်လီဇွဲမောင် မျက်နှာကွက်ကနဲ ပျက်သွား
တာ တွေ့လိုက်ရ သည် ..။
ခါတိုင်းဆိုရင် ဒေါ်လီဇွဲမောင် ကို မမြင်ချင်ယောင်ဆောင်လိုက်မှာ
ဖြစ်ပေမဲ့ အခုတော့..ဈန်ရ နဲ့ တွဲလာတာမို့ ဒေါ်လီဇွဲမောင် ကို လှမ်းနုတ်ဆက်
လိုက် သည် ..။ မုန့်ဟင်းခါး အရမ်းစားကောင်းသည်။
ပျော် သည် ..။ အမရာ့ဘေး မှာ သူ ရှိနေလို့ ..။ သူနဲ့ အတူတူ ထိုင်စားရလို့ ..။
မုန့်ဟင်းခါးဆိုင် က ထွက်တော့ ဈန်ရ က မေးပြန် သည် ..။
“ ဘယ်မောင်းရမလဲ အမရာ..အိမ်လား ..”
“ ဟုတ်ဘူး ..”
မျက်စောင်းလေးထိုး ..နှုတ်ခမ်းလေး စူထော်လိုက် သည် ..။
မပြန်ချင်သေးဘူး ..။ ပျော်လို့ မ၀သေးဘူး ..။
“ဒါဖြင့်..ဘယ်လဲ..အမရာ ..”
“ ညာဘက်ကွေ့ ..အန်တီလေး အိမ်ကို သွားမယ် ..”
“ အန်တီရွှေရည်ချုပ် အိမ် လား...”
ဈန်ရမောင် ကမ္ဘာအေးဘုရားလမ်းမကြီး ပေါ်မှာ ရှိသော အန်တီရွှေရည်ချုပ် ရဲ့ အိမ်ကို ဦးတည် လိုက် သည် ..။
သူ အဲဒီအိမ် ကို သီဟထွန်းချုပ် နဲ့ အကြိမ်ပေါင်းများစွာ ရောက်ဘူး သည် ..။
ဒေါ်ရွှေရည်ချုပ် သည် အမရာ နဲ့ သီဟထွန်းချုပ်တို့ ရဲ့ အဖေ ဦးထွန်းချုပ် ရဲ့ ညီမ ဖြစ်သည် ..။ ဒေါ်ရွှေရည်
ချုပ် သည် အပျိုကြီး ဖြစ်ပြီး သူ့တူ နဲ့ တူမ ကို အလွန်ချစ် သည် ..။ ဘိုးစဉ်ဘောင်ဆက် ချမ်းသာခဲ့သူတွေ
ဖြစ်လို့ ဒေါ်ရွှေရည်ချုပ် သည် လဲ သူမအကို ဦးထွန်းချုပ်လိုဘဲ အလွန်အမင်း ချမ်းသာသည် ဆိုတာကို ဈန်ရမောင်
သိ သည် ..။
အမှန်က သူ သီဟ နဲ့ တနေရာသွားကြဖို့ ချိန်းထား သည် ..။ အမရာ စိတ်ငြိုငြင်မှာ စိုးလို့ သူ မအားကြောင်း
မပြောလိုလို့ အသာ ငြိမ်ကုတ်ပြီး အမရာ သွားလိုရာ လိုက်ပို့ပေးနေတာ ..။
အလွန် ချောလှသော အမရာလေး နဲ့ နီးနီးကပ်ကပ် ကားကျဉ်းကျဉ်းလေးထဲ ပူးထိပြီး
သွားနေရတာ သူ ရင်တွေ ခုံမိတာ အရမ်းဘဲ ..။ သူ သည် သီဟထွန်းချုပ် နဲ့
သွားရင်းလာရင်း ..မကြာခဏ သီဟထွန်းချုပ် ကြောင့် ညအချိန်တွေမှာ လူရမ်းကား
တချို့နဲ့ ဖိုက်ရတာတွေ ရှိခဲ့ သည် ..။ ကင်ဒိုဓါးရှည်များ နဲ့
ဝိုင်းခုတ်ကြတာခံရတုံးကတောင် ကြောက်စိတ် မရှိခဲ့သော ဈန်ရမောင် သည်
အလွန်လှသော ကောင်မလေး နဲ့
နီးနီးစပ်စပ် နေနေရတော့ လက်တွေ ခြေတွေ ဒူးတွေ..တုန်နေ သည် ..။.
“ အမရာ ..”
“ ရှင် ”
အမရာ ဈန်ရမောင် က သူမကို ခေါ်လိုက်လို့ သဘောကျသွား သည် ..။
“အမရာ ..ဖုန်း ပါလား ..”
“ အင်း..ပါတယ် ..ဟိုမှာ ..”
ရှေ့ကခွက်လေးထဲ ရှိနေသော ဖုန်းကို ပြ သည် ..။
“ သီဟ ဆီကို ခေါ်ပေးမလားဟင် ..”
“ အင်း...”
အမရာ..ကိုကြီးဆီကို ခေါ်လိုက် သည် ..။
“ကိုကြီး ..”
“ ဟိတ်..မီးငယ် ..ဘာလဲ ..”
“ ကိုကြီး ဘယ်မှာလဲ..”
“ အိမ်မှာ..ဘာလဲ ပြော..ငါ ဈန်ရအိမ် ကို ဆက်မလို့ ..”
“ မဆက်နေနဲ့..ကိုဈန်ရ က မီးငယ် နဲ့ ..”
“ ဘာ ..”
ကိုကြီးအသံက မကျေနပ်သံ နဲ့ ...။
“ ဘာလို့ ဈန်ရ က နင်နဲ့ ဖြစ်နေရတာလဲ..ငါ နဲ့ ချိန်းထားတာ ..မီးငယ် ..”
“ မီးငယ် ကို ကားမောင်းပေးနေတယ် ...ကိုကြီး ..ဒီလို..ဒီလို..ကိုကြီး …. ”
အမရာ က ဖြစ်ပျက်ခဲ့တာတွေ ကို ပြောပြ သည် ..။
“ဟာ..ဈန်ရ နဲ့ တိုးပေလို့ဘဲ..မီးငယ် . နင့်ကြောင့်လဲ ခက်တယ်...တယောက်ထဲ
လူပြတ်တဲ့ နေရာတွေ လျောက်သွားတာ ..ဈန်ရ ကို ဖုန်းပေးလိုက်စမ်း..ငါ သူနဲ့
ပြောချင်တယ် ..”
“ကိုကြီး ..ဒက်ဒီတို့ ကို သွားမပြောနဲ့ နော်..တော်ကြာ စိတ်ပူပြီး ..ပူညံပူညံ လုပ်နေမှာ ..အပြင်လဲ ထွက်ရမှာ
မဟုတ်တော့ဘူး ..”
“ အေးပါ..ဈန်ရ ကို ဖုန်းပေးလိုက် ..ငါ အရေးကြီးလို့ ...”
“ဟုတ် ..”
ဈန်ရမောင် ကားမောင်းရင်း..ဖုန်းကိုင်လိုက် သည် ..။
“ဈန်ရ ..မီးငယ် အတွက် ဖိုက်ရတယ် ဆို ..ဘာဖြစ်သေးလဲ ..”
“ ဘာမှ မဖြစ်ဘူး ..အဆင်ပြေပါတယ်..”
“ မင်းနဲ့တိုးပေ..လို့ဘဲကွာ...ကျေးဇူးဘဲ ဈန်ရ ..ဟိတ်..ဒို့ချိန်းထားတာ မမေ့နဲ့အုံး ..”
“ မမေ့ပါဘူး ..အခု အမရာ့ကို အန်တီ ရွှေရည်ချုပ် အိမ် လိုက်ပို့နေတယ် ..ပြီးရင် တန်းလာလိုက်မယ်..”
“ ဟုတ်ပြီ..အိမ်ကဘဲ စောင့်နေမယ်..ဈန်ရ ..မီးငယ် ကို ပြောလိုက် ..မကြာနဲ့ လို့ ..”
“ အိုကေ..ဆီးယူး..”
အမရာ့ကို ဖုန်းပြန်ပေးလိုက် သည် ..။
“ကျေးဇူးဘဲ အမရာ ...”
“ ကိုစ်န္ရ ..”
“ ဗ်ာ ...”
“ မီးငယ် ကို မီးငယ် လို့ဘဲ ခေါ်ပါလား ...”
“ အာ...အင်း...ဟုတ်ကဲ့...”
“ ခေါ်လေ..အခုခေါ်...မီးငယ် လို့...”
“ အဟင်း ..မီးငယ် ..”
“ အင်း ..အဲလိုခေါ် ...”
မိမိနှစ်သက်ရာ ရွေးချယ် ကြည့်ရှုနိုင်ပါသည်... မိမိတင်လိုသည်များကိုလည်း royalbigcat2013@googlemail.com သို့ ပေးပို့နိုင်ပါသည်.. .comment ရေးသွားချင်လျင် no comment သို့မဟုတ် comment ကို ကလစ်ပါ..
Blogger ကြောင်ကြီး
